ကယားပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုများ

< 1 min read

CIR

CIR 's photo

IDP စခန်း (ပြည်တွင်းနေရပ်စွန့်ခွာသူများ)၊ ကျောင်း၊ ဘာသာရေးနေရာနှင့် နေအိမ်များပျက်စီးခြင်း။

ကယားပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုများ

Myanmar Witness

၂၀၂၃ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

IDP စခန်း (ပြည်တွင်းနေရပ်စွန့်ခွာသူများ)၊ ကျောင်း၊ ဘာသာရေးနေရာများနှင့် နေအိမ်များပျက်စီးခြင်း။

 

အဓိကဖြစ်ရပ်အသေးစိတ်

အဖြစ်အပျက်များ၏ နေ့ရက်၊ အချိန်နှင့် တည်နေရာ

 

  • လေကြောင်းတိုက်ခိုက်မှု — ၂၀၂၃ခုနှစ် ဇွန်လ ၂၂ရက်- လီခူပရားကျေးရွာ၊ ဖရူဆိုမြို့နယ်၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်)၊ [19.288804, 96.968735]။

  • K-8 လေယာဉ်ပျက်ကျမှု — ၂၀၂၃ခုနှစ် ဇွန်လ ၃၀ရက်- ရွာသစ်မြို့နယ်ခွဲ၊ ဘောလခဲ၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်)၊ [19.135286,97.520772]။

  • လေကြောင်းတိုက်ခိုက်မှု — ၂၀၂၃ခုနှစ် ဇူလိုင်လ ၉ရက်- ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်)၊ [18.833424, 97.323086]။

  • လေကြောင်းတိုက်ခိုက်မှု – ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်- ဒေါနိုကူး စစ်ရှောင်စခန်း၊ ရှားတောမြို့နယ်၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်)၊ [19.32696180, 97.8187087]။

  • လေကြောင်းတိုက်ခိုက်မှု — ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်- ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်), [18.833068, 97.324233]။

  • လေကြောင်းတိုက်ခိုက်မှု — ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်၊ ကျောက်စုကျေးရွာ၊ မယ်စဲ့မြို့နယ် ၊ ကယားပြည်နယ် (ကယား/ကရင်နီပြည်နယ်)၊ [18.769276, 97.389804]။

  • တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ — ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၈ရက်၊ – ယာဒိုကျေးရွာ၊ သံတောင်ကြီးမြို့နယ်၊ ကရင်ပြည်နယ်၊ [19.358822, 96.802461]။

  • လေကြောင်းတိုက်ခိုက်မှု — ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၆ရက်- ကျောက်စုကျေးရွာအလယ်တန်းကျောင်း၊ မယ်စဲ့မြို့နယ်၊ ကယားပြည်နယ်၊ [18.769715, 97.3873880]။

 

စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

 

  • မြန်မာလေတပ် (MAF)

  • မြန်မာစစ်တပ်

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

အနှစ်ချုပ် 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကယားပြည်နယ်သည် မြန်မာစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲများဖြစ်ပွားရာနေရာဖြစ်သည်။ မြန်မာစစ်တပ်သည် မြေပြင်တွင်ထိန်းချုပ်ထိန်းသိမ်းရန် ရုန်းကန်ခဲ့ရပြီး ခုခံနယ်မြေများကို လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် PDF စခန်းများသာမက IDP စခန်းများနှင့် လူနေရပ်ကွက်များကိုပါ ပျက်စီးစေခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ကယားပြည်နယ်တွင် မြန်မာလေတပ် (MAF) လေကြောင်းမှ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Myanmar Witness သည် ဤဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပြီး မတူညီသောအဖြစ်အပျက်များကိုပြသရန် ရည်ညွှန်းသည့် အသုံးပြုသူ-ထုတ်ပေးသည့် အကြောင်းအရာ (UGC) ကို အသုံးပြုကာ နေရာသတ်မှတ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့သည်။

 

ထိုင်း-မြန်မာနယ်စပ်တွင်တည်ရှိသည့် ကယားပြည်နယ် (ကယား/ကရင်နီ)ရှိ မယ်စဲ့‌ဒေသနှင့် သံလွင်မြစ်ကမ်းနံဘေးတွင် ထိုးစစ်ဆင်နေသည့် ဖားဆောင်းမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် မြန်မာစစ်တပ်ကလေကြောင်းနှင့် မြေပြင်ထိုးစစ်များပြုလုပ်ခဲ့သည်ဟု ‌ဒေသတွင်းသတင်းများကဆိုသည်။ နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ထိုဒေသမှလူပေါင်း ၃၅၀၀ ကျော် ထွက်ပြေးပြီး နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်စစ်ဆေးရေးဌာနက ခိုလှုံခွင့်ပေးထားသော နေရာသို့ ရောက်ရှိလာသည်ဟု အဖွဲ့များက အစီရင်ခံတင်ပြထားသည်။

 

၂၀၂၃ ခုနှစ် ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအတွင်း ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အများအပြားနှင့်ဆက်စပ်နေသည်သော UGC များကို Myanmar Witness မှစစ်ဆေးခဲ့သည်။ ဇွန်လ ၂၂ ရက်နေ့တွင် MAF မှ ဖရူဆိုမြို့နယ်၊ လီခူပရားကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်လေးလုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်းသိရသည်။ လူလတ်ပိုင်းအမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲတွင် ဇွန်လ ၃၀ ရက်က MAF K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်းသိရသည်။ ရာသီဥတုဆိုး ရွားမှုကြောင့် လေယာဉ်ပျက်ကျခြင်း (သို့မဟုတ်) ကရင်နီ/ကယား PDFက လေယာဉ်အား ပစ်ချခဲ့ခြင်းဟု  ကွဲပြားစွာဖော်ပြကြသည်။ သို့ရာတွင် ၎င်းသည် လေကြောင်းတိုက်ခိုက်မှု သတင်းထုတ်ပြန်သည့် အချိန်ကာလအနီးတစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နိုင်သည့် MAF လေယာဉ်တစ်စင်းကို တွေ့ရှိရသည်။

 

ဇူလိုင်လ ၉ ရက်နေ့တွင် MAF မှ ဖားဆောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ (ဗီဒီယိုကိုအွန်လိုင်းတွင် မရရှိနိုင်တော့သော်လည်း ယခင်က Myanmar Witnessမှ သိမ်းဆည်းထားပါသည်)။ Myanmar Witness သည် လေကြောင်းတိုက်ခိုက်မှု ဗီဒီယိုတစ်ခုမှ ရုပ်ငြိမ်ဓာတ်ပုံကိုရိုက်ကူးခဲ့ပြီး တည်နေရာကိုအတည်ပြုရန် peakvisor ကို အသုံးပြုခဲ့သည်။ ဖားဆောင်းမြို့နယ် ကျောက်ဖေညိုကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်က လေကြောင်းမှ တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသောအဆောက်အ အုံများကိုပြသသည့် ဗီဒီယိုဖိုင်ကိုအသုံးပြု၍ Myanmar Witness မှနေရာသတ်မှတ် အတည်ပြုထားပါတယ်။ ဆိုရှယ်မီဒီယာတွင်တင်ထားသောဗီဒီယိုမှ မြင်ကွင်းကျယ်တစ်ခုကို ပေါင်းစပ်ကာ ဂြိုလ်တုဓာတ်ပုံကို အပြန်အလှန်ကိုးကားခြင်းဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထိုနေ့တွင်ပင်အခြားသော လေကြောင်းတိုက်ခိုက်မှုနှစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၀၁ နာရီ ၀၂ မိနစ်အချိန်ခန့်တွင် MAF မှ ကယား/ကရင်နီ-ထိုင်းနယ်စပ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ IDP စခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး အခြားသူများ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသောအခြားနေရာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသောနေအိမ်များကိုလည်း ပျက်စီးစေခဲ့သည်။ Myanmar Witness သည် စခန်းအား လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီနှင့် အပြီးတွင်ပြသသည့် UGCများကို ပထဝီဝင်တည်နေရာ အတည်ပြုသတ်မှတ်ခဲ့သည်။

 

ထို့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်က မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ၌ လေကြောင်းတိုက်ခိုက် မှုအတွင်း အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးနှင့် စစ်ပြေးဒုက္ခသည်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူအရေအတွက်ကို Myanmar Witness မှ သီးခြားအတည်မပြုနိုင်သေးသော်လည်း UGC ကိုအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု၏နေရာကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦး၏ ပြောကြားချက်အရ တစ်ရွာတည်းရှိ (ကျောက်စု) အလယ်တန်းကျောင်း တစ်ကျောင်းကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည် (ကိုယ်ရေး ကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်သည်)။ ရက်အတိအကျကို Myanmar Witness က အတည်မပြုနိုင်သေးသော်လည်း တည်နေရာကိုအတည်ပြုခဲ့သည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်, ယာဒိုကျေးရွာအနီး၌ မြေပြင်တိုက်ပွဲ ဖြစ်ပွားပြီးနောက် MAF မှ လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုထားသည်။ Myanmar Witness သည် ဖြစ်ရပ်ကိုပြသသော ဗီဒီယိုတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး လေကြောင်းတိုက်ခိုက်မှု၏ တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။

 

ကယားပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်များကို တတ်နိုင်သမျှစုဆောင်း ရန် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်ကာလအတွင်း Myanmar Witness မှ အတည်မပြုနိုင်ခဲ့ခြင်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း အတည်ပြုနိုင်ခြင်းမရှိသည့် အခြားသောလေကြောင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

Myanmar Witness သည် အောက်ပါတို့ကိုစစ်ဆေးနိုင်ခဲ့သည်။

  • ကယား/ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လီခူပရားကျေးရွာတွင် အများအပြားဖျက်ဆီးခံခဲ့ရသည့် ပထဝီအနေအထားရှိသော Facebook တွင် တင်ထားသည့်ဓာတ်ပုံများကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • (ကယား/ကရင်နီပြည်နယ်)၊ ဘော်လခဲမြို့နယ်၊  ရွာသစ်မြို့နယ်ခွဲတွင် K-8 လေယာဉ်ပျက်ကျပြီးနောက်တွင်ရိုက်ကူးထားသော ဒရုန်းဗီဒီယိုကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • ဖားဆောင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည်ဟုဆိုသော အဆောက်အအုံများကို ပြသထားသည့် ဗီဒီယိုဖိုင်ကို Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • ဒေါနို့ကူးစစ်ရှောင်စခန်းကိုပြသသော လေကြောင်းတိုက်ခိုက်မှု မဖြစ်ပွားခင်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း အားပြသသော UGCကို နေရာသတ်မှတ်အတည်ပြုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုနှင့် ကိုက်ညီသည့်အဆောက်အဦးများပျက်စီးမှုများ ကို စိစစ်တွေ့ရှိရပါသည်။

  • ကယား/ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုနှင့် ကိုက်ညီသော ပထဝီဝင်တည်နေရာပြ UGC ကိုအသုံးပြု၍ Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုပြသသည့် ဗီဒီယိုမှတ်တမ်းကိုအသုံးပြု၍ Myanmar Witness မှ နေရာသတ်မှတ်အတည်ပြုခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုမတိုင်မီ တိုက်ပွဲများ

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ၅နာရီ မှ ၁၀နာရီအတွင်း ကယားပြည်နယ် (ကယား/ ကရင်နီ)အတွင်းရှိ စစ်တပ်စခန်း ၃ ခုနှင့် မယ်စဲ့ရဲစခန်းတို့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကရင်နီပြည်တပ်မတော် ဗဟိုပြန်ကြားရေးအဖွဲ့ (KMIC) ၏ အဆိုအရစခန်း ၃ခုသည် တောင်လှရွာအနီး တောင်လှစခန်း၊ မယ်လနွယ်စခန်းနှင့် သံလွင်မြစ်အရှေ့ဘက်ကမ်း မယ်စဲ့မြို့နယ်ရှိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း အမှတ် (၁၄) တို့ဖြစ်သည်။ Myanmar Witness သည် ယခုထက်ထိ စခန်းများကို နေရာသတ်မှတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

စစ်တပ်စခန်းသုံးခုမှ မောင်းပြန်ရိုင်ဖယ် အလက် ၄၀ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်မ တော် (KA) စစ်ဘက်သတင်းထုတ်ပြန်ရေးတာဝန်ရှိ KMIC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင်တိုက်ပွဲများအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း သေဆုံးခဲ့ကြောင်းသိရသည်။

 

သတင်းရင်းမြစ်များအရ ဇွန်လ ၂၅ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ) ၄၃၀ တွင် ဒုဗိုလ်မှူးကြီး ဇနအောင်နှင့် ဒုတပ်ရင်းမှူး ကျော်သူစိုးတို့ အပါအဝင် အင်အား ၁၀၀ ခန့်နှင့် မယ်စဲ့ဗြူဟာကုန်းစစ်စခန်း အမှတ် ၁၃ တို့ လက်နက်ချခဲ့ကြောင်း သိရသည်။ သို့သော်လည်း လက်နက်ချမှုကို စစ်ကောင်စီသတင်းရင်းမြစ်များက ငြင်းဆိုခဲ့သည်။

 

အဆိုပါနယ်မြေသည် ကယားပြည်နယ်တွင် စစ်ရေးလှုပ်ရှားဆောင်ရွက်လျက်ရှိသော အခြားခြေလျင် တပ်မ(ခြေမြန်တပ်မ)နှင့် ခမရများရှိသော  ယခင်ကပဋိပက္ခဖြစ်ပွားရာနေရာ ဖြစ်သည်။ ဥပမာအားဖြင့် အာဏာသိမ်းပြီးနောက်တွင် တပ်မ ၆၆ နှင့် ၎င်း၏ လက်အောက်ခံတပ်ရင်း ၁၀ ရင်းကို ပဲခူးတိုင်းအနောက်ပိုင်း၊ သဲကုန်းမြို့နယ်နှင့် ကယားပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကရင်နီတော်လှန်ရေးတပ်မတော်နှင့် တပ်မ ၆၆ တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အသေအပျောက်များခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီသည် မကြာသေးမီလများအတွင်း လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်အသုံးပြုလာသဖြင့် ကယားပြည်နယ်အား ထိန်းချုပ်ရန် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လွိုင်ကော်၊ ဒီမောဆို၊ ဖားဆောင်း၊ မယ်စဲ့နှင့် ဘော်လခဲမြို့နယ်များတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်/ထိုင်းနယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည် များလည်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။

 

ဖြစ်ရပ်များ၏အချိန်ဇယား

အခင်းများဖြစ်ပွားရာနေရာ

 ပုံ 1- လေကြောင်းတိုက်ခိုက်မှုနှင့် လေယာဉ်ပျက်ကျသည့်နေရာများ၏ တည်နေရာပြမြေပုံ။

 

စုံစမ်းထောက်လှမ်းချက်အားလေ့လာခြင်း

 

ဖရူဆိုမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ၀၀၃၀ အချိန်တွင် မြန်မာလေတပ်မှ လီခူပရားကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်လေးလုံးနှင့် ကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ၎င်း၏ရင်ဘတ်တွင် သိသိသာသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါကျေးရွာတွင် အိမ်ခြေ ၄၀ အတွင်း လူဦးရေ ၂၀၀ ခန့် နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ဖရူဆိုPDF အဆိုအရ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ မြန်မာလေတပ်မှ ရွာနှင့် ပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

Myanmar Witness သည် ကရင်နီအသံ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသော ရွာရှိအဆောက် အဦးများ ပျက်စီးကြောင်းပြသထားသည့် [19.288804, 96.968735] အားနေရာသတ်မှတ်အတည်ပြုခဲ့သည်။

ပုံ ၂- ဇွန်လ ၂၂ ရက်နေ့တွင် လီခူပရားကျေးရွာ၏ ဖျက်ဆီးခံရသည့်နေရာကိုနေရာသတ်မှတ် အတည်ပြုခြင်း (ရင်းမြစ်: Karenni’s Voice)

 

K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပျက်ကျခြင်း

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် MAF K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်း (အမြီးအမှတ် ၃၉၃၅) ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲတွင် ပျက်ကျခဲ့ကြောင်း သိရသည်။ Myanmar Now ၏အဆိုအရ SAC လိုလားသော မီဒီယာချန်နယ်များမှ K-8 သည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းဆိုသည်။ သို့သော်လည်း ကရင်နီ/ကယား PDF က ၎င်းတို့သည် လေယာဉ်ကို ပစ်ချခဲ့သည်ဟုဆိုသည်။ ဥပမာအားဖြင့် SAC နယ်ခြားစောင့်တပ်ဟောင်း (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ) – မကြာသေးမီကမှဆုတ်ခွာပြီး ကရင်နီ/ကယား တော်လှန်ရေးတပ်ဖွဲ့တွင်ပူးပေါင်းသော အဖွဲ့တစ်ဖွဲ့က လေယာဉ်သည် နိမ့်သောအမြင့်တွင် ပျံသန်းနေစဉ် ပစ်ခတ်ခဲ့သည်ဟုဆိုကြသည်။

 

K-8 ပျက်ကျမှုသတင်းသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကလလတ facebook စာမျက်နှာမှ လေယာဉ်ပျက်ကျသည့်နေရာကိုပြသသော ဒရုန်းဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ ကလလတနှင့် ဒေသခံ PDF တို့က ရွာသစ်ကျေးရွာအရှေ့ဘက် တောအုပ်တွင်တည်ရှိ သောလေယာဉ်ပျက်ကို ဒရုန်းကိုအသုံးပြု၍ အကြိမ်ကြိမ်ဓါတ်ပုံရိုက်ရန် ကြိုးစားခဲ့ကြောင်း Khit Thit ၏ ပြောကြားချက်အရသိရသည်။ သို့သော် ထိုနေရာကို SAC မှလုံခြုံရေးထူထပ်စွာချထားသည့်အတွင် ရှင်းလင်းပြတ်သားသောမြင်ကွင်းကိုရရှိရန်ခက်ခဲသည်။ ရလဒ်အနေဖြင့် အဝေးမှဒရုန်းဖြင့်သာရိုက်ကူးနိုင်သည် (အောက်ပုံ ၃ပုံကို ကြည့်ပါ)။ မြေပြင်မှအမှတ်အသားများသည် ထိုနေရာတွင် ပျက်ကျနိုင်သည်ဟု ညွှန်ပြနေသော်လည်း လေယာဉ်မှအပျက်အစီးများကိုမမြင်နိုင်ပေ။ အခင်းဖြစ်ပွားရာသို့ လျင်မြန်စွာရောက်ရှိလာသော စစ်သားများသည် လေယာဉ်၏ အပျက်အစီးများအားလုံးကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သတင်းများအရသိရသည်။

 

ဗိုလ်ကြီးသော်ဇင် နှင့် ဗိုလ်ကြီးအောင်ဖြိုးကျော်တို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ကြီးအဆင့်ချီးမြှင့်ခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက်က ကလလတစစ်ဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ချက်အရသိရသည်။ အမိန့်အမှတ် 125/2023 အရ လေယာဉ်မှူးများအား “သူရဲကောင်းဘွဲ့” နှင့် “သူရဲကောင်းမှတ်တမ်းတံဆိပ်” ဆုများ ပေးအပ်ခဲ့ကြောင်း Khit Thit Media က ဖော်ပြခဲ့သည်။ K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် ယင်းဧရိယာအတွင်း လှုပ်ရှားနေပြီး ပျက်ကျခဲ့ကြောင်း ထိုကိုသြဒိနိတ်ကအခိုင်အမာဆိုသည်။

 

ပုံ 3- Ka-La-La-Ta မှ K-8 ပျက်ကျသည့်နေရာအား ပြသထားသည့် ဒရုန်းဗီဒီယိုများ (ရင်းမြစ်: Khit Thit Media)

ပုံ 4- လေယာဉ်ပျက်ကျသည်ဟုဆိုသောနေရာ [19.135286,97.520772]။

 

ဖားဆောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု

ဇူလိုင်လ ၉ ရက်နေ့ ဒေသစံတော်ချိန် ၁၇:၄၀ အချိန်တွင် MAF တိုက်လေယာဉ်တစ်စီးက ဖားဆောင်း မြို့နယ် ကျောက်ဖေညိုကျေးရွာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ Myanmar Witness သည် အသေအပျောက်များကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ သို့သော်လည်း ဆိုရှယ်မီဒီယာနှင့် peakvisor တွင် တင်ထားသော လေကြောင်းတိုက်ခိုက်မှုဗီဒီယိုမှ ရုပ်ငြိမ်ဓာတ်ပုံကိုအသုံးပြု၍ တိုက်ခိုက်မှု၏တည်နေရာကို အတည်ပြုခဲ့သည်။

 

ပုံ 5- peakvisor ကို အသုံးပြု၍ အဖြစ်အပျက်ကိုပြသသည့် UGC ၏ နေရာသတ်မှတ်အတည်ပြုခြင်း [18.833424, 97.323086]

(ရင်းမြစ် : Karenni Generation Youth, Khit Thit Media, နှင့်  peakvisor).

  

MAF မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖားဆောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ လေကြောင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲနှင့် ဆက်စပ်ပျက်စီးမှုများကို ပြသသောဗီဒီယိုဖိုင်ကို Myanmar Witness မှ  စိစစ်အတည်ပြုခဲ့သည်။ ၎င်းကို ပထဝီဝင်နေ ရာသတ်မှတ်ထားပြီး ဂြိုလ်တုပုံရိပ်များဖြင့် အပြန်အလှန်ကိုးကားထားသည့် မြင်ကွင်း ကျယ်တစ်ခုအဖြစ် ပေါင်းစပ်ထားသည်။ ဗီဒီယိုတွင် အဆိုပါဒေသရှိအဆောက်အဦးများနှင့် ဘာသာရေးဆိုင်ရာနေရာများကို သိသိသာသာ ပျက်စီးစေကြောင်းပြသထားသည်။

 

ပုံ 6- ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖားဆောင်းလေကြောင်းတိုက်ခိုက်မှု [18.833068, 97.324233] (ရင်းမြစ်- : Karenni Generation Youth – A)

 

IDP စခန်းအားလေကြောင်းတိုက်ခိုက်မှု

ဇူလိုင်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၀၁၀၂ နာရီခန့်တွင် မြန်မာလေတပ်မှ ကရင်နီ-ထိုင်းနယ်စပ်ရှိ IDP စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး အခြားသူ များ ဒဏ်ရာအပြင်းအထန်ရကာ နေအိမ်များပျက်စီးခဲ့ကြောင်းသိရသည်။ အသေအပျောက်များကို Myanmar Witness အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အဆိုပါစခန်းသည် နိုင်ငံတွင်း ပဋိပက္ခများကြောင့် အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်များ (IDP) ဦးရေ (၅၀၀၀) ကျော်ရှိပြီး ၎င်းလူများသည် အမိုးအကာနှင့်စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေပါသည်။

 

မီဒီယာများနှင့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၏ စာမျက်နှာများတွင်တင်ထားသော လေ  ကြောင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲပုံများကို Myanmar Witness မှစိစစ်ကာ နေရာသတ်မှတ် အတည်ပြုခဲ့ပြီ UGC သည် လေကြောင်းတိုက်ခိုက်မှ မဖြစ်ပွားမီနှင့်ဖြစ်ပွားပြီး နေရာကိုပြသထား သည်။ ယင်းဖြစ်စဉ်မှတစ်ဆင့် Myanmar Witness မှ သည်ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ဒေါနိုကူး IDP စခန်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကိုစိစစ်ခဲ့ပြီး စခန်းတည်နေရာကို [19.32696180, 97.8187087] ဖြင့် အတည်ပြုခဲ့သည်။

 ပုံ 7- အခင်းမဖြစ်ပွားမီ စခန်း၏တည်နေရာကို နေရာသတ်မှတ်အတည်ပြုခြင်း [19.32696180, 97.8187087] (ရင်းမြစ်- ဒေသတွင်းဆက်စပ်စာမျက်နှာမှထုတ်ဝေသောဗီဒီယို)။

 

ပုံ 8- [အပေါ်] အခင်းဖြစ်ပွားပြီးနောက် ဒေါနိုကူးစခန်း၏ပထဝီဝင်တည်နေရာကို နေရာသတ်မှတ်အတည်ပြုခြင်း [19.32696180, 97.8187087] (ဘယ်ပုံ- google maps; ညာပုံ- အကျိုးအမြတ်မယူသောအဖွဲ့အစည်း CTER-Karenni မှFacebook ပို့စ်)။ [အောက်ခြေ] အနီးနားရှိ IDP စခန်းရှိကျောင်းမှ မူလတန်းဖတ်စာအုပ်၏ ဓာတ်ပုံ (ရင်းမြစ်- ပြည်တွင်းဆက်စပ်စာမျက်နှာမှ ထုတ်ဝေသည့် ဗီဒီယို)။

 

ပုံ 9- ဒေါနိုကူးစခန်းအလယ်ရှိ ဗုံးကျရောက်သောနေရာကို ပြသထားသည့်ပုံ (အရင်းအမြစ်- ဒေသတွင်းဆက်စပ်စာမျက်နှာမှထုတ်ဝေသော ဗီဒီယို)။

 

ကျောက်စုကျေးရွာ လေကြောင်းတိုက်ခိုက်မှု

 ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ကျောက်စုကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနှင့် စစ်ပြေးဒုက္ခသည်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူအရေအတွက်ကို Myanmar Witness က သီးခြားအတည်ပြုနိုင်ခြင်းမရှိသော်လည်း UGC ကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခံရသော အဆိုပါနေရာအားအတည်ပြုသတ်မှတ်နိုင်ခဲ့သည်။

 

ပုံ ၁၀- ဇူလိုင်လ ၁၂ ရက်နေ့က မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ [18.769276, 97.389804] (အရင်းအမြစ် : Delta News Agency )

 

UGC အရ ကျောက်စုကျေးရွာ တစ်ရွာတည်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းသည်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗုံးကြဲခံခဲ့ရသည်။ (လုံခြုံရေးအရရင်းမြစ်အား ပြန်လည်ပြင်ဆင်ထား သည်)။ ရက်အတိအကျကို Myanmar Witness က အတည်မပြုနိုင်သေးသော်လည်း တည်နေရာကို အတည်ပြုခဲ့သည်။

ပုံ 11- ဇူလိုင်လ ၂၅ ရက်နေ့က ဗုံးကြဲခံခဲ့ရသည့် ကျောက်စုကျေးရွာရှိ အလယ်တန်းကျောင်း၏နေရာကို အတည်ပြုခြင်း[18.769715, 97.387388] (ရင်းမြစ်- လုံခြုံရေးအရရင်းမြစ်အား ပြန်လည်ပြင်ဆင်ထား သည်)။

 

သံတောင်ကြီးမြို့နယ်အတွင်း တိုက်ပွဲများနှင့်လေကြောင်းတိုက်ခိုက်မှုများ

သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီးတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ၉နာရီခန့်အကြာတွင် MAF မှ ရွာကို လေကြောင်းမှတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို Kantarawaddy Times ၏ Facebook တွင်တင်ထားသည့် ဗီဒီယိုတစ်ခုမှ ဖမ်းယူရိုက်ကူးခဲ့ပြီး ၀.၀၈ စက္ကန့်တွင်မြင်တွေ့နိုင်သည်။ Myanmar Witness သည် လေကြောင်းတိုက်ခိုက်မှုတည်နေရာကို အတည်ပြုနိုင်ခဲ့သည်။

 

ပုံ 12- ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ယာဒိုကျေးရွာ၏ တည်နေရာကိုအတည်ပြုခြင်း [19.358822, 96.802461] (အရင်းအမြစ်များ- [အောက်ခြေ] Google maps, [အပေါ်] ] Kantarawaddy Times)

 

နောက်ထပ်အတည်မပြုနိုင်သော လေကြောင်းတိုက်ခိုက်မှုများ

 

ယခုအချိန်အတွင်း ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်များကို တတ်နိုင်သမျှစုဆောင်းရန် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်ကာလအတွင်း Myanmar Witness မှ  အတည်မပြုနိုင်သော (သို့မဟုတ်)တစ်စိတ်တစ်ပိုင်းအတည်ပြုနိုင်ခြင်းမရှိသည့် အခြားသောလေ ကြောင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မိုးဗြဲမြို့နယ်အနောက်ဘက်ခြမ်းရှိ ကယန်းသစ်လုံခြုံရေးဂိတ်ကို လေကြောင်းမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့အပြင် ဇွန်လ ၁၄ ရက်နေ့ ဒေသစံတော်ချိန် ၂၁နာရီ ၂၅ မိနစ်တွင် မြန်မာစစ်တပ်မှ မိုးဗြဲစစ်စခန်းသို့ လက်နက်ကြီး ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ နောက်တစ်နေ့ ဒေသစံတော်ချိန် ၂ နာရီတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ Myanmar Witness သည် ယင်းဖြစ်ရပ်များနှင့်ပတ်သက်သော အချက်အလက်များနှင့် ၎င်းတို့၏ ဖြစ်ပျက်မှုကိုအတည်ပြုနိုင်ရန် ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

 

အနာဂတ်စောင့်ကြည့်လေ့လာခြင်း

ကယားပြည်နယ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးချိန်မှစ၍ ပဋိပက္ခဖြစ်ပွားရာ နေရာဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားဒေသများကဲ့သို့ပင် ပဋိပက္ခများပိုမိုပြင်းထန်လာကာ လေ ကြောင်းတိုက်ခိုက်မှုများမကြာခဏဖြစ်လာသည်။ တိုက်ခိုက်မှုများတွင် ကရင်နီခုခံတိုက်ခိုက်ရေးသမားများနှင့် အရပ်သားများလည်း ထိခိုက်ခဲ့သည်။

 

Myanmar Witness သည် ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။ IDP စခန်းများအပါအဝင် အရပ်သားများအသုံးပြုသည့် နေရာများအပေါ် တိုက်ခိုက်မှုများ၏ သက်ရောက်မှုကိုလည်း ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။

  

အတိုကောက်များ 

• နယ်ခြားစောင့်တပ် – BGF

• ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ – IDPs

• မြန်မာလေတပ် – MAF

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF

• နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ – SAC

• အသုံးပြုသူမှထုတ်ပေးသောအကြောင်းအရာ – UGC

• ခြေလျင်တပ်မ- LID

Share Article