ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူတစ်ဦးချင်းစီအား ရဲနှင့်စစ်တပ်မှ အကြိမ်ကြိမ်ရိုက်နှက်ခဲ့ကြခြင်း
Myanmar Witness
၂၀၂၃ခုနှစ် မတ်လ ၇ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်-
အာဏာသိမ်းပြီးနောက် လူတစ်ဦးချင်းအပေါ် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှနှောင့်ယှက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ
အဓိကဖြစ်ရပ်အသေးစိတ်
အခင်းဖြစ်ပွားသည့်နေရာ–
· ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ [16.776670, 96.163171]။
· ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ [21.989303, 96.071360]။
ဖြစ်ပွားသည့်နေ့/အချိန်-
· ၂၀၂၁ခုနှစ် မတ်လ ၇ ရက်
စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု–
· မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်သားများ
· ရန်ကုန်တိုင်း အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-
Myanmar Witness သည် ရန်ကုန်နှင့် မန္တလေးမြို့နှစ်ခုစလုံးတွင် ရဲနှင့် စစ်ယူနီဖောင်းများ ဝတ်ဆင်ထား သည့် အမျိုးသားများက လူတစ်ဦးချင်းအပေါ် အကြိမ်ကြိမ်ရိုက်နှက်ခဲ့ကြောင်းပြသသည့် အဖြစ်အပျက် များကို အတည်ပြုထားသည်။
ရန်ကုန်မြို့တွင်ဖြစ်ပွားသောဖြစ်စဉ်တွင် ရန်ကုန်တိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ် ၄ မှ စစ်သား များဖြစ်သည်ဟုဝတ်ဆင်ထားသည့် အဆောင်အယောင်များက ဖော်ပြသည်။
မန္တလေးတွင်ဖြစ်ပွားသောဖြစ်စဉ်တွင် လုံထိန်းတပ်ရင်း(၄)၏ ယူနီဖောင်းများအပါအဝင် ရဲနှင့်စစ်ယူနီ ဖောင်းများ ဝတ်ဆင်ထားသည့် အမျိုးသားအများအပြားက ရိုက်နှက်၊ ကန်ကျောက်၊ ဆွဲထုတ်ခဲ့သည့် ဗီဒီယိုဖိုင်ကို သက်သေအဖြစ် Myanmar Witness က အတည်ပြုခဲ့သည်။
စီမံကိန်း၏အဓိကအချက်အလက်များ
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလများတွင် လူတစ်ဦးချင်းစီအပေါ် ရဲနှင့် စစ်တပ်မှအကြမ်းဖက်သည့် ဗီဒီယိုဖိုင်ကို Myanmar Witness မှမှတ်တမ်းတင်ပြီး အတည်ပြုခဲ့သည်။ ဤအစီရင်ခံစာတွဲ အသေးစားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် သီးခြားဖြစ်ရပ်ငါးခုကို မှတ်တမ်းတင်ထားသည်။
လေ့လာမှုများတွင် ရဲနှင့် တပ်မတော်သားများသည် လက်နက်မဲ့လူတစ်ဦးချင်းစီအား ရိုက်နှက်ခြင်း များကိုတွေ့ရှိရကြောင်း၊ ဆေးဘက်ဆိုင်ရာ အလုပ်သမားများအား နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းနှင့် ယုတ်ညံ့သောပြုမူမှုဖြင့် ထိခိုက်စေခြင်းတို့ကို တွေ့ရသည်။ အရပ်ဝတ် ဝတ်ထားသော သူများနှင့် ရဲတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းလုပ်ဆောင်သည့် အကြမ်းဖက်မှု အထောက်အထား တွေကိုလည်း ပြသထားသည်။ ဗီဒီယိုဖိုင်တွင် ရာထူးအဆင့်နှင့် အဆောင်အယောင်များကို ခွဲခြမ်းစိတ် ဖြာခြင်းဖြင့် လုံထိန်း (အဓိကရုဏ်းလုံခြုံရေးတပ်ဖွဲ့)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စစ်သားများနှင့် ခြေမြန်တပ်ရင်း (၁၀၁) မှ စစ်သားများတွင် တာဝန်ရှိကြောင်း ထည့်သွင်းတွက်ချက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဖြစ်စဉ်နှစ်ခုတွင် အဆင့်လိုက်ရဲအရာရှိများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဤစီးရီး၏တတိယအစီရင်ခံချက်တွင် Myanmar Witness သည် ရဲနှင့် စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူတစ်ဦးချင်းစီ၏ ရိုက်နှက်ခြင်းကိုပြသသည့် သီးခြားဖြစ်ရပ်နှစ်ခုမှ ဗီဒီယိုဖိုင်ကို စစ်ဆေးအတည်ပြု ထားပါသည်။ ရန်ကုန်တိုင်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၄ မှ စစ်သားများ ဝတ်ဆင်ထားသည့် အဆောင်အယောင်များ ရန်ကုန်မြို့တွင်ဖြစ်ပွားသော ဖြစ်စဉ်တွင်ဖော်ပြထားသည်။ လုံထိန်း တပ်ရင်း(၄) ၏ ယူနီဖောင်းများအပါအဝင် ရဲနှင့် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် အမျိုးသားအများအပြားမှ ရိုက်နှက်၊ ကန်ကျောက်၊ ဆွဲထုတ်ခံရသည့် ဗီဒီယိုဖိုင်ကို မန္တလေးတွင် သက်သေအဖြစ် Myanmar Witness က အတည်ပြုခဲ့သည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု နမူနာများကို ၎င်းတို့ ပေါ်ပေါက်လာချိန်မှစ၍ နှစ်နှစ်ကြာ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လုံးလုံးလျားလျား ပြီးပြည့်စုံမှု မရှိပါ။ မြောက်ဥက္ကလာပ၊ ပဲခူးနှင့် လှိုင်သာယာတို့တွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အစီရင်ခံစာများစွာတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည့် အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ နှောင့်ယှက်မှုဆိုင်ရာ အခြားဖြစ်ရပ်များအပါအဝင် မကြယ်စင် (အိန်ဂျယ်) နှင့် ဒေါ်တင်နွဲ့ရီ အပါအဝင် အမျိုးသမီး ဆန္ဒပြသူ အများအပြားသေဆုံးခဲ့သည့်ဖြစ်ရပ်များကို Myanmar Witness က မှတ်တမ်းတင်ထားသည်။
ကျောက်တံတားမြို့နယ်၊ ရန်ကုန်
စုံစမ်းထောက်လှမ်းမှုအား လေ့လာခြင်း
Myanmar Witness သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက လူတစ်ဦးချင်းစီ အကြိမ်ကြိမ် ရိုက်နှက်ခံရကြောင်းပြသသည့် အသုံးပြုသူ ဖန်တီးထုတ်လုပ်ထားသော အကြောင်းအရာအများအပြားကို စစ်ဆေးအတည်ပြုထားပါသည်။ ဤမတူညီသော အရင်းအမြစ်နှစ်ခုနှင့်အတူ ပြောကြားချက်အများ အပြားကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အဆိုပါဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ ကြောင်း တွေ့ရှိရသည်။
တာချီလိတ်သတင်းမှတင်ထားသည့် ဗီဒီယိုဖိုင်တွင် လူအများအပြားသည် ခုခံကာကွယ်သည့် အနေအထားဖြင့် (ပုံ ၁ တွင် မြင်တွေ့ရသည့်အတိုင်း) ဝပ်တွားနေကြပုံပေါ်သော လူအများအပြားကို ရိုက်နှက်ခဲ့ကြသည်။
ပုံ 1- လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်ဦးချင်းအားရိုက်နှက်ဖမ်းဆီးနေသည့် ဗီဒီယိုဖိုင် (သတင်းရင်းမြစ်- Tachileik News)။
ထိုနေ့တွင်ဖြစ်သည်ဟုဆိုထားသည့် နောက်ထပ်ဗီဒီယိုဖိုင်သည် မတူညီသောရှုထောင့်မှ လူတစ်စုကို ပြသသည်။ ရန်ကုန်တွင်ထိုနေ့၌ ဆန္ဒပြပွဲများ အများအပြားဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်များသည် ဆန္ဒပြသူများ (သို့မဟုတ်) ဆန္ဒပြရာတွင်ပါဝင်ကြောင်း Myanmar Witness က အတည်မပြုနိုင်ပေ။ အောက်တွင်ဖော်ပြထားသည်မှာ တူညီသောလူများကိုပြသသည့် အခြားဗီဒီယို နှစ်ခုမှ ရုပ်ပုံနှစ်ခု၏နှိုင်းယှဉ်ချက်ဖြစ်သည် – အရောင်များဖြင့် ပုံနှစ်ပုံစလုံးကို ခွဲခြားထားသည်။
ပုံ 2- သီးခြားအရင်းအမြစ်ဗီဒီယိုများကို အပြန်အလှန်ကိုးကားခြင်းဖြင့် အဖြစ်အပျက်ကိုအတည်ပြုခြင်း။
အခင်းဖြစ်ပွားရာနေရာကို နေရာသတ်မှတ်အတည်ပြုခြင်း
ဗီဒီယိုနှစ်ခုတွင် ခွဲခြားသိမြင်နိုင်သော အင်္ဂါရပ်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် Myanmar Witness သည် အဆိုပါပုဂ္ဂိုလ်များကို ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာလမ်းဆုံရာထောင့်တွင် ရိုက်နှက်ခံ ရသည့်နေရာဟု ဖော်ထုတ်နိုင်ခဲ့သည်။
ပုံ 3- ဗီဒီယိုရိုက်ကူးမှုတည်နေရာကိုအတည်ပြုရန် အသုံးပြုသည့်အင်္ဂါရပ်များ [16.776639၊ 96.163167]
ထည့်သွင်းဖော်ပြချက်- မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာစစ်တပ်
အထက်မှ ဗီဒီယိုတွင် မြင်တွေ့ရသည့်အတိုင်း ရဲနှင့်စစ်သားအများအပြားပါဝင်ပါသည်။ အဆိုပါ ဖြစ်ရပ်တွင်ပါဝင်သည့် အမှုထမ်းများ၏ယူနီဖောင်းကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ရှိနေသည့် အဆင့်မြင့်ရဲအရာရှိတစ်ဦးနှင့် စစ်သားများ၏ကွပ်ကဲမှုကို ဖော်ထုတ်နိုင်ခဲ့သည်။
ရဲအရာရှိသည် (vest) အပေါ်အင်္ကျီကို၀တ်ဆင်ထားပြီး ၎င်း၏ပခုံးပေါ်ရာထူးပြရာနေရာတွင် ကြယ်နှစ် လုံးထက်မနည်းပါရှိကာ ဒုဗိုလ် (သို့မဟုတ်) ရဲမှူးဖြစ်ကြောင်း ညွှန်ပြနေသည်။
ပုံ 4- သူ၏ပခုံးပေါ်တွင် တွေ့ရသည့်အတိုင်း ရဲအရာရှိရာထူးကို ချဲ့ကားကြည့်ရှုခြင်း။ [ညာဘက်] ဝီကီပီးဒီးယားပုံမှ ဖော်ထုတ်ထားသောပုံ။
အခင်းဖြစ်ပွားရာမှာပါဝင်ခဲ့သည့် စစ်သားများသည် ၎င်းတို့၏ ဘယ်ဘက်လက်မောင်းတွင် လက်မောင်းပတ်များ ပတ်ထားကြသည်။ Myanmar Witness သည် ၎င်းအား ရန်ကုန်တိုင်းဒေသကြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၄အဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ ကိုက်ညီမှုရှိကြောင်း အတည်ပြု ချက်ကို ပုံ 5 တွင် ကြည့်ရှုနိုင်ပါသည်။
ပုံ 5- ဗီဒီယိုရှိ ပုဂ္ဂိုလ်များဝတ်ဆင်ထားသော စစ်တပ်လက်မောင်းပတ်ကို အတည်ပြုခြင်း။ ဝီကီပီးဒီးယားပုံများမှ ဖော်ထုတ်ထားသောဗီဒီယို [ညာဘက်] ရုပ်ပုံမှ [ဝဲ]။
ချမ်းအေးသာဇံမြို့နယ်၊မန္တလေး
စုံစမ်းထောက်လှမ်းမှုအား လေ့လာခြင်း
၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့ က လူမှုကွန်ယက်တွင် ထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်ထဲတွင် အဖြူရောင် ၀တ်စုံနှင့်မြန်မာစစ်ယူနီဖောင်းဝတ် အမျိုးသားများ ရိုက်နှက်ကန်ကျောက်ပြီး လမ်းတလျှောက် ဆွဲခေါ်သွားသည်ကို တွေ့ရပါသည်။ အဆိုပါဖြစ်ရပ်များသည် ‘ကျောင်းပေါင်းစုံသပိတ်’ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားအများအပြားကို ဖမ်းဆီးခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံထဲတွင်ပါဝင်သူမှာ ဒုတိယနှစ်ဆေးဘက်ဆိုင်ရာ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ခေတ်သစ်မီဒီယာကဖော်ပြသည်။
Myanmar Witness သည် ဤဖြစ်ရပ်၏ ရှုထောင့်များစွာကိုပြသသည့် ဗီဒီယိုနှင့်ပုံများစွာကို စိစစ်ခဲ့ သည်။ ပထမဗီဒီယိုတွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခန္ဓာကိုယ်ကို (ကိုယ်ရေးကိုယ်တာကိစ္စများ ကြောင့် ပြန်လည်ပြင်ဆင်ထားသည်) ကန်ကျောက်ကြသည်ကိုတွေ့ရပြီး ဒုတိယဗီဒီယိုတွင် ၎င်းတို့သည် ခန္ဓာကိုယ်ကို ဆွဲယူသွားသည်ကို မြင်တွေ့ရသည်။
ပုံ 6- ရဲနှင့်စစ်သားများ ခန္ဓာကိုယ်ကိုကန်ကျောက်ပြီး ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်မှရုပ်ပုံများ (source: Khit Thit Media)။
ဤအမှုသည် ရဲအမှုအဆင့်တွင်ရှိပြီးသားလူကို နှိပ်စက်ကျူးလွန်သည့် အကြမ်းဖက်မှုအဆင့်နှင့် သက်ဆိုင်ပါသည်။ တစ်ဦးစီတွင် ဒဏ်ရာထင်ရှားစွာရရှိပြီး ဆွဲထုတ်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မလှုပ်မယှက် လဲလျောင်းနေသောလူတစ်ဦးကို တုတ်ဖြင့် (ပုံ 7 တွင်တွေ့မြင်ရသည့်အတိုင်း) ဆက်လက် ရိုက်ခဲ့သည်။
ပုံ 7- အကျဉ်းသားအား ထပ်မံရိုက်နှက်ခြင်းကိုပြသသည့် ဗီဒီယိုမှတ်တမ်းများ (source: Khit Thit Media)
Voice of Myanmar မှ မျှဝေထားသည့် နောက်ထပ်ပုံများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရိုက်နှက်ထားခြင်းခံ ရသော ကြမ်းပြင်ပေါ်မှ တူညီသည့်လူကို ပြသထားသည်။
ပုံ 8- မြေပြင်ပေါ်တွင် စစ်သားများကရိုက်နှက်သည့်သူ၏ ထပ်လောင်းရုပ်ပုံများ (သတင်းရင်းမြစ်- Voice of Myanmar)
ခေတ်သစ်မီဒီယာဗီဒီယိုကို Voice of Myanmar တင်ထားသည့်ပုံများနှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ၎င်းသာ် အလားတူဖြစ်ရပ်ဟု သတ်မှတ်နိုင်သည်။ ၎င်းတို့သည် တူညီသောအရိုက်ခံရသူတစ်ဦး၊ တူညီသောလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြသထားပြီး ၎င်းသည် တူညီသောနေရာတွင် ရှိနေသည် (ပုံ 9 တွင် မြင်ရသည့်အတိုင်း)။
ပုံ 9- Voice of Myanmar ပုံများနှင့် Khit Thit Media ဗီဒီယိုတွင် ပြသထားသည့် ရုပ်မြင်သံကြား အတည်ပြုချက်။ [ဝဲ] Voice of Myanmar မှပုံ [ညာဘက်] Khit Thit Media မှဗီဒီယို။
အလားတူ အဖြူရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသည့် မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်း သားများက အထက်ပါပုံအတိုင်း ရိုက်နှက်ခြင်းခံရသည့်နေ့တွင် မျှဝေထားသည့် အခြားပုံများကိုလည်း တွေ့ရသည်။
ပုံ 10- ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မန္တလေးမြို့ရှိ ကျောင်းပေါင်းစုံသပိတ်ဟု ဆိုထားသော မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားများ (သတင်းရင်းမြစ်- Voice of Myanmar)။
ပထဝီဝင်နေရာသတ်မှတ်ခြင်းနှင့် အဖြစ်အပျက်၏အချိန်ကိုသတ်မှတ်ခြင်း
Myanmar Witness သည် အကြမ်းဖက်မှုဖြစ်ပွားခဲ့သော “Love House” နှင့် Hotel Iceland တို့ကို ညွှန်ပြထားသည့် အနက်ရောင်ဆိုင်းဘုတ်ငယ်ကဲ့သို့သော ဗီဒီယို၏နောက်ခံတွင် မြင်တွေ့ရသည့်အင်္ဂါ ရပ်များကိုအသုံးပြု၍ ပင်းယလမ်းတွင် ရိုက်ကူးထားသောနေရာကို တည်နေရာပြထားသည်။ လူရိပ် ကျနေသည့်နေရာနှင့် မီးတိုင်များက မွန်းတည့်ချိန်လောက်တွင် ရိုက်ကူးခဲ့ကြောင်းညွှန်ပြနေသည်။
ပုံ 11- အရောင်ဖြင့်ပြသထားသော အကွက်များသည် ဗီဒီယိုရိုက်ကွင်းတည်နေရာကို အတည်ပြုရန် အသုံးပြုသည့်အင်္ဂါရပ်များကိုညွှန်ပြသည် [21.989361, 96.071361] မန္တလေး၊
ထည့်သွင်းဖော်ပြချက်- မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့
မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် (လုံထိန်းရဲ)အဖွဲ့ဝင်များကို ခွဲခြမ်းစိတ်ဖြာထားသည့် ဗီဒီယိုဖိုင်အတွင်းတွင် မြင်တွေ့ရသည်။ စစ်သားများ၏ သီးခြားတပ်မများကို မဆုံးဖြတ်နိုင်သော်လည်း လည်ပင်းတွင် ပတ်ထားသော အနီရောင်ပဝါများဖြင့် လုံထိန်တပ်သားများဟု ဖော်ထုတ်နိုင်ခဲ့သည်။ အနီရောင်ပဝါ ပေါ်ရှိ အပြာရောင်စက်ဝိုင်းသည် တပ်ရင်းနံပါတ်ကိုဖော်ပြသည်။ ဤကိစ္စတွင် တပ်ရင်း (၄)မှ ပုဂ္ဂိုလ်များ ဖြစ်ပုံရသည်။
ပုံ 12- ဆန္ဒပြပွဲနှင့် တစ်ဦးချင်းအရိုက်ခံရသည့်ပုံများနှင့်အတူ အပ်လုဒ်တင်ထားသည့် နောက်ထပ်ပုံများ (သတင်းရင်းမြစ်-Voice of Myanmar)။
နိဂုံးနှင့် အနာဂတ်ကို စောင့်ကြည့်လေ့လာခြင်း
အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများနဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်တပ်မှကျုးလွန်သည်ဟု ဆိုထားကြသည်။ ဤအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း လူတစ်ဦးချင်းစီအပေါ် အလွန်အကျွံအကြမ်းဖက်မှုသည် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်း လုပ်လေ့ရှိသော အပြုအမူတစ်ရပ်အဖြစ် အချက်ပြနေသည်။ အလားတူ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် ထိုနေ့တွင် နေရာအများအပြားတွင် ဖြစ်ပွားခဲ့သည်။
ဤအသေးစားအစီရင်ခံချက်သည် ရဲနှင့်စစ်တပ်သည် လူတစ်ဦးချင်းစီကိုနှောင့်ယှက်ခြင်း (သို့မဟုတ်) နှိပ်စက်ညှဉ်းပန်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် သီးခြားဖြစ်ရပ်ငါးခုကို မှတ်တမ်းတင် ထားသည်။ ဤဥပမာများသည် လုံးလုံးလျားလျားမဟုတ်သော်လည်း အာဏာသိမ်းမှုကို ပုန်ကန်သူများ အား နှိမ်နင်းရန်အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့များအသုံးပြုသည့် အကြမ်းဖက်နည်းဗျူ ဟာများစွာကို မှတ်တမ်းတင်ထားသည်။