ကျောင်းသားဆန္ဒပြပွဲများတွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းမှုများ
Myanmar Witness
၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။
အစီရင်ခံစာ ၂– ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်ဖမ်းဆီး ထိန်းသိမ်းမှုများ (အစီရင်ခံစာတွဲ)
အဓိကဖြစ်ရပ်အသေးစိတ်
အခင်းဖြစ်ပွားရာတည်နေရာ– တာမွေမြို့နယ်၊ ရန်ကုန်မြို့ [16.802583, 96.174917]။
ဖြစ်ပွားသည့်ရက်စွဲ/အချိန်– ၂၀၂၁ခုနှစ် မတ်လ ၃ရက်
စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု–
· မြန်မာစစ်တပ်
· မြန်မာနိုင်ငံရဲတပ်ဖွဲ့
· လုံထိန်းရဲ
စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်–
· ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်တို့ကျင်းပသော ချီတက်ပွဲ၌ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း ဖြစ်ရပ် လေ့လာမှုမှတ်တမ်းဖြစ်သည်။
· Myanmar Witness သည် Facebook Live Stream များအပါအဝင် အဖြစ်အပျက်များမှ အသုံးပြုသူထုတ်ပေးသည့် အကြောင်းအရာ (UGC) ရှစ်ခုကိုစိစစ်ပြီး အဖြစ်အပျက်များကို တိကျသောအချိန်သတ်မှတ်နိုင်ရန် လုပ်ဆောင်ထားသည်။ အောက်တွင်ဖော်ပြထားသော အကြောင်းအရာအားလုံးကို အခြားနည်းဖြင့် မဖော်ပြထားပါက အပြည့်အဝစစ်ဆေးပါသည်။
· လူ ၃၈၉ ဦး ဖမ်းဆီးထိန်းသိမ်းထားကြောင်း Myanmar Now က ဖော်ပြသည်။ Myanmar Witness သည် အဆိုပါအရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း ဆန္ဒပြသူ ၄၀ မှ ၅၀ ခန့်ကို ထရပ်ကားတစ်စီးတည်းထဲသို့ တင်ဆောင်ထားကြောင်း ဗီဒီယိုများတွင် တွေ့ရသည်။
· လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လုံထိန်းရဲနှင့် မြန်မာစစ်တပ်တို့မှပါဝင်ပြီး ဆန္ဒပြသူများကိုဖမ်းဆီးထားကြောင်း Myanmar Witness က အတည်ပြုနိုင်ခဲ့သည်။
စီမံကိန်း၏အဓိကအချက်အလက်များ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) သည် ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ထောင်ပေါင်းများ စွာကို ဖမ်းဆီးထိန်းသိမ်းရန် တရားမျှတသော တရားစီရင်မှုဆိုင်ရာ အခွင့်အရေးများကို လစ်လျူရှု့ ခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ထုတ်ပြန်ချက်အရ အဆိုပါ တုံ့ပြန်မှုအများစုသည် တရားဥပဒေစိုးမိုးရေးကို မလေးစားဘဲ (သို့မဟုတ်) နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို အလေးမထားပဲ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်သည်ဟုဆိုသည်။
ဤဖြစ်ရပ်များသည် ရန်ကင်း၊ တာမွေ၊ မြောက်ဥက္ကလာပနှင့် လမ်းမတော်တို့တွင် ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ် မတ်လအစောပိုင်းတို့တွင် သီးခြားဖြစ်ရပ်လေးခုကို မှတ်တမ်းတင်ထားသည်။ ပထမအစီရင်ခံစာ ၃ စောင်တွင် ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခံရမှုများ ပါဝင်ပြီး စတုတ္ထအကြိမ်တွင် ရပ်ရွာလူထုများအား အစုလိုက်အပြုံလိုက်ချုပ်နှောင်မှု ဖြစ်စဉ်အပြင် အလားတူနယ်မြေအတွင်း လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများ ပါဝင်သည့် ဖြစ်ရပ်တို့ပါဝင်သည်။
Myanmar Witness ၏ စုံစမ်းစစ်ဆေးမှုသုံးခုမှ တစ်ခုစီတွင် လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ ဖြစ်ရပ် သုံးခုစလုံးတွင် ဆန္ဒပြမှုများသည် ငြိမ်းချမ်းစွာဆန္ဒပြမှုလွဲ၍ အခြားသက်သေပြရန် အထောက်အထား မတွေ့ရပေ။ Myanmar Witness သည် ဆန္ဒပြသူများအား ဖမ်းဆီးခြင်းအပါအဝင် ဖြစ်ရပ်များ၏ အသေးစိတ်အချိန်ဇယားနှင့် မြေပုံကိုရေးဆွဲရန်အတွက် အပိုင်းများစွာကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး ဆက်စပ်ပြုလုပ်ထားသည်။ လက်ပစ်ဗုံးများ၊ မျက်ရည်ယိုဗုံးများနှင့် ကျည်ဆန်များကို ဆန္ဒပြသူများအား အသုံးပြုခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့မှ စီစဉ်သော ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ တွင် ရန်ကုန်၊ တာမွေတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ဆန္ဒပြသူများကို အစီရင်ခံစာတွင်ဖော်ပြထားသည်။ လူ ၃၈၉ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုရှယ်မီဒီယာများတွင် ဖော်ပြကြသည်။
အစုလိုက်အပြုံလိုက် ချုပ်နှောင်ခြင်းဆိုင်ရာနမူနာများသည် ၎င်းတို့ပေါ်ပေါက်လာချိန်မှစ၍ နှစ်နှစ်ကြာ အထင်ကရတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းသည် ပြီးပြည်စုံခြင်းမရှိသေးပါ။ Myanmar Witnessသည် အရပ်သားလွတ်လပ်ခွင့်များဆုံးရှုံးခြင်းကို ဆက်လက်စောင့်ကြည့်နေပါသည်။
ကျောင်းသားများ ချီတက်ကြခြင်း
မတ်လ (၃)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကကြီးမှူး၍ တာမွေမြို့နယ်၌ ချီတက်လမ်းလျှောက်ပွဲကြီးကို ကျင်းပခဲ့သည်။ Myanmar Now က အကျဉ်းသား ၃၈၉ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်း သိမ်းခဲ့သည်ဟုဖော်ပြခဲ့ပြီး ရာနှင့်ချီသောကျောင်းသားများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ သည်။
Myanmar Witness သည် ထိုနေရာတွင်ဖြန့်ကျက်ပြသသည့် အဖြစ်အပျက်များ၏ UGC ၏အစိတ်အ ပိုင်းများစွာကို ဖော်ထုတ်ခဲ့သည်။ အတည်ပြုပြီးသည်နှင့် ဤဗီဒီယိုနှင့်ရုပ်ပုံများအား အဖြစ်အပျက်များ ကို ပြန်လည်တည်ဆောက်ရန်နှင့် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းတွင်တာဝန်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖော်ထုတ်ရန်အတွက် အသုံးပြုခဲ့သည်။
ပုံ 1- အနီရောင်လိုင်းများဖြင့် ဖော်ပြထားသော ဆန္ဒပြမှုနှင့်ဖြိုခွင်းမှု၏တည်နေရာ။ ဗညားဒလလမ်းနှင့် ကျိုက္ကဆံလမ်းဆုံ၊ တာမွေမြို့နယ်၊ ရန်ကုန် [16.802583၊ 96.174917]။
၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျောင်းသားများအား အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ရှေ့နေများသွားရောက်ခွင့် (သို့မဟုတ်) ၎င်းတို့၏မိသားစုများကို ဆက်သွယ်ခွင့်မပေးခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျောင်းသားများအား မိသားစုများထံ နှစ်ပတ်ကြာဆက်သွယ်နိုင်ခြင်းမရှိကြောင်းနှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆို ထားကြောင်း Myanmar Now မှ သတင်းထုတ်ပြန်ခဲ့သည်။ မတ် ၂၄ ရက်က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ၆၂၈ ဦးတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများပါဝင်သည်ဟု ပြည်တွင်း သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရသိရသည်။ Myanmar Witness က ၎င်းပြောကြား ချက်များကို အတည်မပြုနိုင်သေးပါ။
စုံစမ်းစစ်ဆေးမှု- အချိန်သတ်မှတ်ခြင်း
မတ်လ ၃ ရက်၊ ရန်ကုန်မြို့၊ တာမွေတွင်ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် အဖြစ်အပျက်များကို အသေးစိတ်အပိုင်းလိုက် ဖော်ပြထားပါသည်။ Myanmar Witness သည် ဆိုရှယ်မီဒီယာတွင် တင်ထား သော အတည်ပြုထားသည့် ဗီဒီယိုအများအပြားကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဆန္ဒပြမှုကိုပြန်လည်တည် ဆောက်နိုင်ခဲ့သည်။
ပုံ 2- ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ တာမွေတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များခြုံငုံသုံးသပ်ချက် [16.802583, 96.174917]။
1115 – ရာနှင့်ချီသော လူအုပ်ကြီးသည် ဗညားဒလလမ်းနှင့် ကျိုက္ကဆံလမ်းဆုံတွင် စုဝေးခဲ့ကြသည်။ Facebook တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် Myanmar Witness မှ အတည်ပြုထားသော ဗညားဒလလမ်းတောင်ဘက်သို့ မျက်နှာမူထားသော တန်းစီဆန္ဒပြသူအား ပြသထားသည် (ပုံ ၃ ကိုကြည့်ပါ)။ 02:20 မိနစ်ဝန်းကျင်တွင် ဗညားဒလလမ်း၏ ညာဘက်ခြမ်း (အနောက်မြောက်ဘက်) တွင် ဆန္ဒပြသူများ အပြေးအလွှားတန်းစီနေသည့် ဗီဒီယိုကိုပြသထားသည်။ မိနစ်အနည်းငယ်အကြာတွင် ထိုဆန္ဒပြသူလူတန်းသည် လမ်းကိုဖြတ်သွားတယ်။ 7:00တွင် အနောက်မြောက်ဘက်သို့ မျက်နှာမူကာ ဆန္ဒပြသူများသည် မီးခိုးဗူးများ ထုတ်လွှတ်သည်ကို တွေ့မြင်ရသည်။
ပုံ 3- Facebook ဗီဒီယိုမှ ရိုက်ယူထားသော ပုံများ [ဘယ်ဘက်] တွင် ဆန္ဒပြသူများသည် ဗညားဒလ လမ်းတောင်ဘက်သို့ မျက်နှာမူထားသော တန်းစီလမ်းကြောင်းကိုပြသထားသည်။ [အလယ်] ဗညားဒလလမ်း အနောက်မြောက်ဘက်တွင် တန်းစီနေသောဆန္ဒပြသူများအား ပြသခြင်းနှင့် [ညာဘက်] ဆန္ဒပြသူများသည် မီးခိုးဗူးများ ထုတ်လွှတ်ခြင်းကို ပြသခြင်း။
1122- Facebook ဗီဒီယို၏ 07:30 မိနစ်တွင် ပစ်ခတ်သံများကြားရပြီး ရုပ်ရှင်ရိုက်ကူးသူသည် လိုင်းမှ ဆုတ်ခွာသွားခဲ့သည်။ သင်္ဂါဟလမ်းပေါ်မှ တောင်ဘက်နဲ့ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ ဆန္ဒပြသူများကို ဗီဒီယိုတွင်ပြသထားပါတယ်။ ထို့နောက် ရိုက်ကူးသူသည် ကျိုက္ကဆံလမ်းမှ အနောက်တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆက်မပြတ် ပစ်ခတ်သံတွေ ကြားနေရပြီး လမ်းဆုံတွင် ရဲများကိုတွေ့နေရသည်။ ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ ဆန္ဒပြသူတွေက ရဲတွေကို ကားနောက်မှ အော်ဟစ်နေသည်ကို မြင်တွေ့ရသည်။
နောက်ထပ် Facebook တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုသည် ဆန္ဒပြမှု၏ နောက်ထပ်ရှုထောင့်များကို ပြသသည်။ ဗီဒီယိုသုံးခုကို အတူတကွခွဲခြမ်းစိတ်ဖြာခြင်းဖြင့် Myanmar Witness သည် လူစုလူဝေး လှုပ်ရှားမှု၊ ဆန္ဒပြသူများ မီးခိုးဗူးများအသုံးပြုခြင်းနှင့် ရဲများ၏ပစ်ခတ်သံများနှင့် ကိုက်ညီသော ဗီဒီယိုဖိုင်ကို အချိန်တိုအတွင်း ကိုက်ညီနိုင်ခဲ့သည်။
Myanmar Witness မှ အတည်ပြုထားသော ဒုတိယမြောက် Facebook တိုက်ရိုက်ထုတ်လွှင့်မှုတွင် လမ်းဆုံရှိ လူအုပ်မှအဖြစ်အပျက်ကိုပြသသည် (ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ပြန်လည်ပြင် ဆင်ထားသည်)။ တိုက်ရိုက်ထုတ်လွှင့်မှုသည် ၁၁:၂၀ နာရီတွင် စတင်ခဲ့ကာ ပစ်ခတ်သံများထွက်ပေါ် လာချိန် ၀၂း၃၀ မိနစ် အမှတ် (၁၁၂၄) တွင် ဆန္ဒပြသူများသည် မီးခိုးဗူးများထုတ်လွှတ်သည် ကိုပြသသည်။
Myanmar Witness မှ အတည်ပြုထားသော တတိယမြောက် Facebook တိုက်ရိုက်ထုတ်လွှင့်မှု (ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ပြန်လည်ပြင်ဆင်ထားသည့် အရင်းအမြစ်) သည် လမ်းဆုံ၏ အရှေ့မြောက်ဘက်မှ မြင်ကွင်းကို ပံ့ပိုးပေးပါသည်။ ပထမဗီဒီယိုတွင် မြင်တွေ့ရသည့် အလားတူ ဆန္ဒပြသူများသည် မီးခိုးဗူးများ ထုတ်လွှတ်သည်ကို တွေ့မြင်နိုင်သည်။ 00:50 မိနစ်ခန့်တွင် ပစ်ခတ်သံများကြားနေရပြီး ပစ်ခတ်မှုများ ပြင်းထန်လာသဖြင့် လူစုခွဲလိုက်ကြသည်။ ၂ နာရီ ၁၂ မိနစ်တွင် လမ်းဆုံသို့ ရဲတပ်ဖွဲ့ဝင်များပြေးလာကာ ထွက်ပြေးနေသောဆန္ဒပြသူများကို လိုက်ရှာနေ သည်ကို တွေ့နိုင်သည်။ ရဲတပ်ဖွဲ့နှင့် ရဲကားများပါ လိုက်ပါလာကြသည်။
ပုံ 4- ရဲများဆီမှ ကြိုတင်ထွက်ပြေးနေသော လူအုပ်ကိုပြသသည့် တတိယဗီဒီယိုမှ (01:30) ကိုဖမ်းယူထားပါသည်(ကိုယ်ရေးကိုယ်တာစိုးရိမ်မှုများကြောင့်ပြန်လည်ပြင်ဆင်ထားသည်)။
ပုံ 5- တတိယဗီဒီယိုမှ ရိုက်ယူထားသော (03:25) သည် လမ်းဆုံသို့ ရွေ့လျားနေသည့် အမှတ်အသား မပြထားသော မော်တော်ယာဥ်များကိုတွေ့ရသည်။ (ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ပြန်လည် ပြင်ဆင်ထားသည်)။
1137- ၁၁: ၃၇ ဟု အချိန်သတ်မှတ်ထားသည့် ၁၈ မိနစ်ကြာ Facebook တိုက်ရိုက်ဗီဒီယိုတစ်ခုတွင် ရဲတပ်ဖွဲ့မှ ထရပ်ကားများပေါ်သို့ တင်ဆောင်နေသည့် အကျဉ်းသားများကို ၎င်းတို့၏ ဦးခေါင်းနောက် တွင် လက်နှစ်ဖက်ကို တင်ထားသည့် ရှည်လျားသောလူတန်းကို ပြသထားသည်။ အကျဉ်းသားများ ကြားတွင် အမျိုးသမီးများကို မြင်တွေ့နိုင်သော်လည်း လူအုပ်ကြီး၏ အများစုမှာ အမျိုးသားများသာ ဖြစ်သည်။
Facebook ဗီဒီယိုတွင် မြင်တွေ့ရသည့် ထရပ်ကားသုံးစီးမှာ စစ်တပ်မှဖြစ်ပုံရသည်။ ပင်ပန်းနွမ်းနယ်နေ စစ်သားများသည် ကုန်တင်ကားများအနီးတွင် ရဲများနှင့်အတူ ရပ်နေကြသည်။ ခန့်မှန်းခြေအားဖြင့် လူ ၄၀/၅၀ ခန့်ကို ပထမထရပ်ကားတွင် တင်ဆောင်ထားသည်။ ၁၀ မိနစ်ကြာပြီးနောက် နောက်ထပ် ထိန်းသိမ်းခံထားရသူများသည် ထရပ်ကားများဘေးတွင် ရပ်နေကြဆဲဖြစ်ပြီး ကျန်အများအပြားသည် လမ်းဘေးတွင် ထိုင်နေကြသည်။
ပုံ 6- [ဝဲ] Facebook ဗီဒီယို (00:03) မှ ထရပ်ကားများပေါ်တွင် ဆန္ဒပြသူများ တင်ဆောင်နေသည့် လူတန်းကို ပြသထားသည်။ [ညာဘက်] Facebook ဗီဒီယို (13:33) မှ ရဲထရပ်ကားများသည် ကုန်တင်ကားများဘက်သို့ နောက်ပြန်လှည့်နေပုံ။
1455- ကို Myanmar Witness မှတည်နေရာသတ်မှတ် အတည်ပြုထားသော တွစ်တာတွင်တင်ထားသည့် ဗီဒီယိုတစ်ခုတွင် 1137 နှင့် ကိုက်ညီသည့် ထရပ်ကားများအပါအဝင် မော်တော်ယာဉ် ၁၅ စီးခန့် ကိုပြသထားသည် (ပုံ 2.2; လျှို့ဝှက်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အရင်းအမြစ်ကို ပြန်လည်ပြင်ဆင် ထားသည်)။ အဆိုပါယာဉ်တန်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းဟု လူသိများသော ကျိုက္ကဆံလမ်း ခုံးကျော်တံတားပေါ်မှ မြောက်ဘက်သို့ ထွက်ခွာသွားသည်ကို မြင်တွေ့ရသည်။ အတိအကျဖော်ပြရန် ခက်ခဲသော်လည်း ဗီဒီယိုကို လွှင့်တင်ချိန်တွင် ဒေသစံတော်ချိန် ၁၄နာရီ ၅၅မိနစ် မတိုင်မီက ရိုက်ကူးခဲ့ကြောင်း Myanmar Witness မှသေချာပါသည်။
တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက်များတွင် ရေးသားဖော်ပြမှုများနှင့် နောက်ဆက်တွဲမျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ (ဥပမာ AP သတင်းဌာန) မှ အကျဉ်းသားများအား ကျိုက္ကဆံဘတ်စကက်ဘောအားကစားကွင်းသို့ ခေါ်ဆောင်သွားကြောင်းဆိုထားပြီး ဆန္ဒပြနေရာမှ ၁၀ မိနစ်ခန့် ကားမောင်းသွားခဲ့ပြီး စစ်ဆေးမေးမြန်းမှုများနှင့် ဆိုးဆိုးရွားရွားရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ Myanmar Witness သည် OSINT နည်းလမ်းများဖြင့် အဆိုပါ ပြောဆိုမှုများကို အတည်မပြုနိုင်ပါ။ သို့သော် အားကစားကွင်းဆီသို့သွားသော လမ်းပေါ်တွင် ထရပ်ကားများကို တွေ့မြင်ရခြင်းသည် ဤပြောဆိုမှုများကို ယုံကြည်စိတ်ချစေသည်။
ပုံ 7- [ဝဲ] အရှေ့ပြိုင်ကွင်းလမ်းအတိုင်း မြောက်ဘက်သို့ ရွေ့လျားနေသော ယာဉ်တန်းကို ပြသသည့်ပုံ (ကိုယ်ရေးကိုယ်တာကိစ္စများကို ပြန်လည်ပြင်ဆင်ထားသည်)။ [ညာဘက်] ကျိုက္ကဆံဘတ်စကက် ဘောကွင်းရှိ ယာဉ်တန်းနှင့် စစ်ဆေးမေးမြန်းသည့်နေရာအား ပြသသည့် ဧရိယာပြမြေပုံ။ မော်တော်ယာဉ်များ၏ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းကို အနီရောင်ဖြင့် ပြသထားသည်။
လုံထိန်းရဲနှင့် မြန်မာစစ်တပ်ကို ထည့်သွင်းစဥ်းစားခြင်း
ယင်းဖြစ်ရပ်တွင် ပါဝင်သည့် အရာရှိများ၏ ယူနီဖောင်းကို ဆန်းစစ်ခြင်းဖြင့် ၎င်းတို့အား လုံထိန်းရဲ (အဓိကရုဏ်းလုံခြုံရေးတပ်ဖွဲ့) နှင့် မြန်မာစစ်တပ်၏ အဖွဲ့ဝင်များအဖြစ် Myanmar Witness က ဖော်ထုတ်နိုင်ခဲ့သည်။ ဥပမာအားဖြင့်လုံထိန်းအဖွဲ့ဝင်များ၏ ညာဖက်လက်မောင်းတွင် မြင်နေရသည့် လက်မောင်းပတ်နှင့် လည်ပင်းတစ်ဝိုက်တွင် ချည်ထားသည့် အနီရောင်ပဝါများသည် နောက်ထပ် အထောက်အထားများကို ပေးသည်။ လုံထိန်းရဲများသည် ၎င်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျော်ကြားပြီး ရဲတပ်ဖွဲ့နှင့် နှောင့်ယှက်မှုဖြစ်စဥ်များအတွင်း ၎င်းတို့၏လှုပ်ရှားမှုများကို Myanmar Witness က အစီရင်ခံထားသည်။ ဗီဒီယိုရိုက်ကူးမှု၏ ထောင့်များနှင့် ကြည်လင်ပြတ်သားမှုနည်းပါးခြင်းကြောင့် Myanmar Witness သည် တပ်ရင်းနံပါတ်ကို အပြည့်အဝမစစ်ဆေးနိုင်ပါ။
ပုံ 8- ဆန္ဒပြပွဲများ၏တည်နေရာတွင် လုံထိန်းရဲများကို ပြသထားသည့်ပုံများ။ ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများကြောင့် အရင်းအမြစ်များကို ပြန်လည်ပြင်ဆင်ထားသည်။ ပုံ- 16.802709၊ 96.175077 သို့ တည်နေရာပြထားသည်။
ပုံ 9 – ဖမ်းဆီးခံထားရသည့်နေရာအနီးတွင် မြန်မာစစ်တပ်မှ အရာရှိများရပ်နေသည်။ ပုံ- 16.802321၊ 96.174824 သို့ တည်နေရာပြထားသည်။
နိဂုံးနှင့် အနာဂါတ်စောင့်ကြည့်လေ့လာခြင်း
မတ်လ ၃ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ၏ ဖြစ်စဉ်အသေးစိတ်ကိုပြန်လည်တည်ဆောက်ရေးတွင် ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကို မြင်တွေ့ခဲ့သည်။ ထိုနေ့တွင် ဆန္ဒပြသူ ၃၈၉ ဦးကိုဖမ်းဆီးထားထဲ့သည်ဟု သိရှိရသည်။ Myanmar Witness သည် အဆိုပါနံပါတ်ကို အတည်မပြုနိုင်သေးသော်လည်း ဆန္ဒပြသူ ၄၀ မှ ၅၀ အကြား ထရပ်ကားယာဥ်တန်းထဲသို့ တင်ဆောင်နေသည့် ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းအားဖြင့် လုံထိန်းရဲနှင့်မြန်မာစစ် တပ်မှ အရာရှိများသည် ဆန္ဒပြသူများကို ဖမ်းဆီးထားကြောင်း Myanmar Witness က အတည်ပြု နိုင်ခဲ့သည်။
ဤဖြစ်ရပ်လေ့လာမှု လုပ်ငန်းစဥ်များသည် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအတွက် လွတ်လပ်မှုဆုံးရှုံးခြင်းအပါအဝင် အစောပိုင်းအဖြစ်အပျက်များစွာကို မှတ်တမ်းတင်ထားသည်။ အာဏာသိမ်းပြီးနောက် လများအတွင်း ဆန္ဒပြသူများကို လက်ပစ်ဗုံးများ၊ မျက်ရည်ယိုဗုံးများနှင့် ကျည်ဆန်များကိုအသုံးပြုခဲ့ပြီး လူပေါင်းရာနှင့်ချီ၍ ထိန်းသိမ်းခံခဲ့ရကြောင်း အဆိုပါဖြစ်ရပ်လေ့လာမှုများက ဖော်ပြသည်။
ရန်ကင်း၊ တာမွေ၊ မြောက်ဥက္ကလာပနှင့် လမ်းမတော်တို့တွင် အဆိုပါ ဖြစ်ရပ်များဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်ကျော်သွားခဲ့ပြီဖြစ်သော်လည်း သဘောထားကွဲလွဲမှုများကို စစ်တပ်ကဆက်လက် နှိမ်နင်းခဲ့သည်။ Myanmar Witness သည် အရပ်သား လွတ်လပ်ခွင့်ဆုံးရှုံးခြင်းများကို ဆက်လက် စောင့်ကြည့်နေ ပါသည်။