ဖျော်ဖြေပွဲ ဗုံးခွဲမှု

CIR

CIR 's photo

ဖျော်ဖြေပွဲ ဗုံးခွဲမှု

Myanmar Witness

၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၆ ရက်

အစီရင်ခံစာထုတ်ဝေသည်-

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အသေအပျောက်များတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးနေသည့် အရပ်သားများကို စစ်သားများက မြေပြင်တွင် ဆေးကုသခွင့် မရအောင် တားဆီးခဲ့သဖြင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့သည်ဟု ပြောဆိုထားကြသည်။

အဓိကဖြစ်ရပ်အသေးစိတ်

Myanmar Witness သည် အပျက်အစီးပုံများကို နေရာဒေသအလိုက် မှတ်တမ်းတင်ထားပြီး တိုက်ခိုက်မှုဖြစ်ပွားသည့်ရက်စွဲနှင့် တည်နေရာကို သီးခြားအတည်ပြုနိုင်ရန် အဆိုပါဧရိယာ၏ ဖြစ်ရပ်မဖြစ်ပွားခင်နှင့် ဖြစ်ပွားပြီး ဂြိုလ်တုပုံရိပ်များကို ပေါင်းစပ်ထားသည်။

ရက်စွဲ- ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ရက် (အတည်ပြုပြီး)

ကိုသြဒိနိတ်အမှတ်: 25.836816, 96.364006

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ၂၀: ၄၀ နာရီ အချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်မြို့နယ်အနီး အနန့်ပါဒေသတွင် လေကြောင်းမှ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Myanmar Witness သည် ထိုဧရိယာအတွင်း များပြားလှသောပျက်စီးမှုများကို ပြသနေသည့် ဂြိုလ်တုဓာတ်ပုံများနှင့် မဖြစ်ခင်အခြေအနေများကို တိုက်ဆိုင်စစ်ဆေးပြီး တိုက်ခိုက်မှုအပြီး အခြေအနေပြဗီဒီယိုများကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။

Myanmar Witness သည် ယခုအချိန်အထိ စုဆောင်းရရှိထားသော ဗီဒီယိုဖိုင်များမှ ရုပ်အလောင်း ၃၀ ထက်မနည်းကိုရေတွက်ထားပြီး ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်နှင့်အမျှ သေဆုံးမှုအနည်းဆုံး အရေအတွက် တိုးလာမည်ဖြစ်သည်။

ယင်းတို့အနက် အလောင်းနှစ်လောင်းသာ သေဆုံးချိန်တွင် ယူနီဖောင်းဝတ်ထားပုံရပြီး ကျန် ၂၈ ဦးမှာ မည်သည့် ယူနီဖောင်းမှ မ၀တ်ထားဘဲ, ဘာတွေ၀တ်ဆင်ထားသည်ကို မဖော်ထုတ်နိုင်ပေ။

အခင်းဖြစ်ပွားပြီးသည့်နောက်တွင် မြေပြင်မှ တပ်မတော်သားများက လမ်းများနှင့် တံတားတစ်စင်းကို ပိတ်ဆို့ခဲ့ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမမီနိုင်အောင် တားဆီးထားသည်ဟု ဆိုရှယ်မီဒီယာတွင် ဖော်ပြထားပြီး သေဆုံးသူအရေအတွက်မှာ မလွဲမသွေ တိုးလာသည်ဟု ဆိုထားသည်။ သက်သေပြနိုင်ပါက ယင်းသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို ချိုးဖောက်မှုဖြစ်စေနိုင်သည်။

အနှစ်ချုပ်

မြန်မာနိုင်ငံ မြောက်ပိုင်း ဂီတဖျော်ဖြေပွဲတခုကို လေကြောင်းကနေ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၈၀ သေဆုံးခဲ့ပါတယ်။ အရပ်သားများအပေါ် လေကြောင်းပါဝါ အသုံးပြုမှု တိုးမြင့်လာခြင်းကို ကိုယ်စားပြုသည်။

Myanmar Witness သည် အောက်ပါတို့ကို အတည်ပြုရန် ဗီဒီယိုဖိုင်ကို နေရာသတ်မှတ် အတည်ပြုခဲ့သည်။

● လေကြောင်းဖြင့် ထိုဧရိယာကိုဖျက်စီးခြင်း

● chronolocation (အချိန်အတည်ပြုခြင်း) မှတိုက်ခိုက်မှုဖြစ်ပွားသော အကြမ်းဖျင်းအချိန်။

Myanmar Witness က အောက်ပါတို့ကို တက်ကြွစွာ စောင့်ကြည့်နေပါတယ်။

● နယ်မြေအနီးရှိ တံတားမှတစ်ဆင့် ဆေးဘက်ဆိုင်ရာအကူအညီများရယူရန် ပိတ်ဆို့ရာတွင် တပ်မတော်မှ ပါဝင်ပတ်သက်သည်ဟု အခိုင်အမာဆိုသည်။

● နာမည်ကြီး တေးသံရှင် အော်ရာလီ၊ Galau Yaw Lwi၊ ကီးဘုတ်သမား ကိုကင်းအပါအဝင် အရပ်သားများ သတ်ဖြတ်ခံရကြောင်း ပြောဆိုခဲ့သည်။

● တိုက်ခိုက်မှုကျူးလွန်ရန် မြန်မာလေတပ်မှ လေယာဉ်ကို အသုံးပြုခဲ့ကြောင်း အခိုင်အမာဆိုသည်။

သတင်းအရင်းအမြစ်: BBC Burma. Khit Thit Media. Myanmar Now.

စုံစမ်းစစ်ဆေးရေးအားလေ့လာခြင်း

၂၀၄၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့၊ ဖားကန့်တွင် ကျင်းပသော ကေအိုင်အို (၆၂) နှစ်မြောက် ဂီတဖျော်ဖြေပွဲအခမ်းအနားတွင် တပ်မတော်ကလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုထားသည်။

Myanmar Witness သည် ပွဲတော်ကျင်းပရာနေရာဖြစ်သည်ဟု Khit Thit Media မှ တင်ထားသော ဗီဒီယိုဖိုင်ကို အသုံးပြု၍ နေရာသတ်မှတ်အတည်ပြုထားသည်။

ဖျက်ဆီးခံရသောဧရိယာ၏ ကိုသြဒိနိတ်အမှတ်: 25.836816, 96.364006

ပုံ 1- 25.836816၊ 96.364006 ဝန်းကျင်ရှိ (Khit Thit Media ၏ ဗီဒီယိုမှ) ပျက်စီးသွားသော ဧရိယာ၏ မြင်ကွင်းကျယ်မြင်ကွင်း။

ပုံ 2- ဖြစ်ရပ်၏ ပထဝီဝင်တည်နေရာအသေးစိတ်။

ပုံ 3- 25.837176, 96.364021 တွင်တည်ရှိသော အချို့သောအဆောက်အအုံများ လုံးဝပျက်စီးသွားခြင်း (သတင်းရင်းမြစ် Khit Thit Media)

Myanmar Witness သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၃ရက်အတွင်း ပွဲကျင်းပခြင်းနှင့် ဆက်စပ်နိုင်သော ဧရိယာအတွင်း ရှင်းလင်းခြင်းများကို ပြသထားသည့် Planet ပုံများဖြင့် ပထဝီဝင်တည်နေရာ သတ်မှတ်ထားသောနေရာကို အပြန်အလှန်ကိုးကားဖော်ပြထားသည် (ပုံ 4)။ ဤရှင်းလင်းခြင်းအား ဧရိယာကို တည်နေရာသတ်မှတ် အတည်ပြုထားသော ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ ယင်းက Myanmar Witnessကို ဗီဒီယိုဖိုင်ကို အသုံးပြု၍ အချိန်သတ်မှတ် အတည်ပြုနိုင်စေသည်။ ၎င်းကို ၂၁ရက် အောက်တိုဘာလ ၂၀၂၂ (ပုံ 5) မတိုင်မီ မရယူနိုင်ပါ။

Suncalc ကို အသုံးပြု၍ Khit Thit Media မှဖော်ပြသည့် ဗီဒီယိုဖိုင်ဖြစ်သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ (ပုံ ၆ နှင့် ၇) တွင် ရိုက်ကူးခဲ့သည်ဆိုပါက ဒေသစံတော်ချိန် 08:00-09:00 ၀န်းကျင်ခန့်တွင် ရိုက်ကူးထားသည်ဟု Myanmar Witness မှ ခန့်မှန်းပါသည်။

ပုံ 4- ၂၁ရက်မှ ၂၃ရက် အောက်တိုဘာလ ၂၀၂၂ ခုနှစ်အတွင်း ဧရိယာခြားနားချက်ကို ပြသသောဂြိုဟ်ပုံ။

ပုံ 5- ဗီဒီယိုဖိုင်တွင်ပြသထားသည့် မြင့်မားသောမြေ၏ ရှင်းလင်းထားသော ဧရိယာ။

ပုံ 6- နေ၏ ဦးတည်ရာကို ပြသထားပြီး အနီရောင်အကွက်ဖြင့်ပြထားသည့် အရာဝတ္ထုများ အောက်တွင် အရိပ်ပေါ်လာသည်။

ပုံ 7- တည်နေရာ၏ Suncalc နှင့် ဗီဒီယို ရိုက်ကူးထားသော ဖြစ်နိုင်သည့်အချိန်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အပါအဝင် လူ ၈၀ ကျော် သေဆုံးခဲ့တယ်လို့ New York Times လိုမျိုး သတင်းတွေမှာ ရေးသားဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် သေဆုံးမှုအရေအတွက်ကို စုဆောင်းနေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPb) က ဒေသတွင်းနှင့် ပတ်သက်သည့် အခြားအချက်အလက်များအရ သေဆုံးသူသုံးဦးကို စာရင်းပြုစု ထားသည်။ ၎င်းတို့မှာ တေးသံရှင် Aurai၊ တေးသံရှင် Galau Yaw Lwi နှင့် ကီးဘုတ်သမား ကိုကင်းတို့ ဖြစ်သည်။

Myanmar Witness သည် စစ်ဆန့်ကျင်ရေးမီဒီယာ Manau Voice မှ တင်လိုက်သော အမှုတွင် သေဆုံးနေသော အရပ်သားများကို ပြသသည့်ပုံများကို ခွဲခြမ်းစိတ်ဖြာထားသည်။ ဤပုံများတွင် အနည်းဆုံး အလောင်း 30 လောင်းကို ပြသထားသည် – အလောင်းနှစ်လောင်းသည် ထူးခြားသော ယူနီဖောင်း ၀တ်ဆင်ထားပြီး ကျန်အလောင်းများမှာ ရိုးရိုးဝတ် (သို့မဟုတ်) အမည်မသိပုံပေါ်သည် (ပုံ 7)။ သို့သော်လည်း Myanmar Witness သည် ဗီဒီယိုရိုက်ကူးမှု နည်းပါးခြင်းကြောင့် လူသေအလောင်း အရေအတွက်ကို အပြည့်အ၀မစစ်ဆေးနိုင်သေးဘဲ ဤဗီဒီယိုဖိုင်သည် ဤနေရာမှ ဟုတ်မဟုတ် အတည်ပြုရန် နေရာဒေသသတ်မှတ်အတည်ပြုခြင်း မပြုလုပ်ရသေးပေ။

ပုံ 8- အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံး ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးသည်ဟု ယူဆရသည့် ပုံများကို ပြသထားသည်။ ညာဘက်ပုံတွင် စစ်ဝတ်စုံဝတ်ထားသော လူနှစ်ဦးကို ပြသထားသည်။ (Source: Manau Voice)။

ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ အွန်လိုင်းသတင်းမီဒီယာနှင့် AAPP တို့က စစ်သားများသည် ဒဏ်ရာရပြီး သေဆုံးသူများအတွက် ဆေးကုသရန် လမ်းကို ပိတ်ဆို့ထားသည်ဟု ဆိုကြသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးက စစ်တပ်က တံတားတစ်စင်းကို ပိတ်ဆို့ထားပြီး ဆေးဘက်ဆိုင်ရာအကူအညီတွေ ရွာထဲမရောက်အောင် တားဆီးထားတယ်လို့ ဆိုပါတယ်။ ဂြိုလ်တုဓာတ်ပုံကို အသုံးပြု၍ ဧရိယာအား ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် 25.756669, 96.372562 တွင်ရှိသော Lawng Hkang (ကြိုးတံတား) တံတားအနီးတွင် ဖြစ်ပွားနိုင်ကြောင်း Myanmar Witness ကသံသယရှိသည်။ ဤတံတားသည် တိုက်ခိုက်ခံခဲ့ရသော SAC အခြေစိုက်စခန်းနှင့် နီးကပ်သော ဧရိယာပြင်ပ အဓိကလမ်းကြောင်းများထဲမှ တစ်ခုဖြစ်ပုံရသည်။ သို့သော်လည်း Myanmar Witness သည် ဤပြောဆိုချက်ကို ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။

ပုံ 9- ဒဏ်ရာရသူများကို ဆေးဘက်ဆိုင်ရာအကူအညီများ မရောက်ရှိအောင် တားဆီးထားသည့် စစ်ဘက်ဆိုင်ရာ လမ်းပိတ်ဆို့မှုတစ်ခု ဖြစ်နိုင်သည့် အဖြူရောင်အကွက်ဖြင့် ပြထားသည့်တံတား။ သို့သော်လည်း ဤပြောကြားချက်ကို အတည်မပြုနိုင်သေးပါ။ အနီရောင်အကွက်သည် Myanmar Witness ၏ ပထဝီဝင်နယ်မြေသတ်မှတ်ထားသောနေရာကို သရုပ်ပြသည်။

အဆိုပါ နယ်မြေအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန် အသုံးပြုခဲ့ကြောင်း တပ်မတော်ကအခိုင်အမာဆိုသည်။ အထူးသဖြင့် အနန့်ပါသည် KIA တပ်မဟာ ၉ ဌာနချုပ်ဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တပ်မတော်က အဆိုပါနယ်မြေအတွင်း စစ်ဆင်ရေးများလုပ်ဆောင်နေပြီး KIA နှင့် PDF တို့သည် အဆိုပါဒေသတွင် တပ်မတော်အား ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အရပ်သားများ သေဆုံးခဲ့ကြောင်းသိရသည်။ ဤပြောဆိုချက်သည် နယ်မြေအတွင်း စစ်ရေးစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည် (သို့မဟုတ်) လူအများအပြား သေဆုံးကြောင်း ငြင်းဆိုထားခြင်း မဟုတ်ဘဲ KIA နှင့် PDF ပူးတွဲတိုက်ခိုက်မှု ရလဒ်အဖြစ် ဤအဖြစ်အပျက်ကို ပုံဖော်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

Myanmar Witness သည် ဤဆိုးရွားသောဖြစ်ရပ်များကို ဆက်လက်စုံစမ်းနေပါသည်။

တေးဂီတဖျော်ဖြေပွဲတစ်ခုအား တိုက်ခိုက်ခြင်းနှင့် – စစ်ဆေးအတည်ပြုပါက – ဆေးဘက်ဆိုင်ရာ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခြင်းသည် အကြမ်းဖက်မှု တိုးမြင့်လာခြင်းကို ကိုယ်စားပြုသည်။ ဤဖြစ်ရပ်၏ ခွဲခြားမဆက်ဆံဘဲ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝသည် ဆက်လက်စောင့်ကြည့်ခြင်း၏ အရေးပါမှုကိုမီးမောင်းထိုးပြပါသည်။ ဤဖြစ်ရပ်ကဲ့သို့သော လူ့အခွင့်အရေး စွက်ဖက်မှုများကို ဖော်ထုတ်နိုင်စေရန် Myanmar Witness သည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးနေပါသည်။

သင့်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များရှိပါက (သို့မဟုတ်) ထိုဖြစ်ရပ်ကဲ့သို့သော အခြားအဖြစ်အပျက်များရှိပါက၊ ထိုသို့လုပ်ဆောင်ရန် အန္တရာယ်ကင်းလျျင် ကျွန်ုပ်တို့၏ လုံခြုံသောပုံစံမှတစ်ဆင့် အထောက်အထားများ တင်သွင်းနိုင်ပါသည်။

Share Article